တိုက်ပြန်ပြီဟ .. ကားနဲ့ဆိုင်ကယ်
08-Nov-2017ကားအက်စီးဒင့်ဖြစ်သောလူနာအား ဆရာဝန်က -
“ခင်ဗျားအခြေအနေမကောင်းဘူး .. ဘယ်သူနဲ့တွေ့ချင်သလဲ ”
“ ယောက္ခမနဲ့ တွေ့ချင်ပါတယ်ဆရာ ”
“ တခြားသူတွေဆို သားတွေမယားတွေနဲ့ တွေ့ချင်တယ်ပြောမှာ .. ခင်ဗျားကျမှ ထူးထူးခြားခြား ”
“ ဒီလိုပါဆရာ .. ကျွန်တော်နဲ့ယောက္ခမက ဆေးကုမ္ပဏီဖွင့်ထားတာ .. တဖြည်းဖြည်း လုပ်ငန်းကိုလျော့ဖို့ ပြောခဲ့ချင်လို့ပါ ”
“ ဘာဖြစ်လို့လဲဗျ ”
“ အခုခေတ်က နာတာရှည်ရောဂါထက် အက်စီးဒင့်ဖြစ်သေတဲ့ သူတွေများတော့ ကြာရင် ကုမ္ပဏီအရှုံးပေါ်မှာစိုးလို့ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်